မင်းအမြင်မှာ ငါဟာ
မာနရိပ်စွန်းထင်းနေတဲ့
ဟန်ဆောင်ကောင်းသူတစ်ယောက်ပေါ့
တကယ်တော့ ငါဟာ
အဲဒီမာနကို
ခက်ခက်ခဲခဲလွှမ်းခြုံခဲ့ရတာပါချစ်သူ။
မင်းအမြင်မှာ ငါဟာ
မချစ်တတ်တဲ့သူရူးတစ်ယောက်ပေါ့
တကယ်တော့ ငါဟာ
မင်းကိုချစ်လွန်းလို့
နှလုံးသားတွေတောင်ကြွေမွနေတယ်။
မင်းအမြင်မှာ ငါဟာ
လှည့်ဖျားမှု့မာယာတွေနဲ့ပေါ့
တကယ်တော့ ငါဟာ
မင်းကိုချစ်လျှက်နဲ့
ဟန်ဆောင်အမုန်းတွေနဲ့
စွန့်လွှတ်ခဲ့ရတာပါ ချစ်သူ.......။


No comments:
Post a Comment