ဘဝတစ်ကွေ့ ခဏတွေ့စဉ်
မောင့် ဘဝင်မှာ မင်းကိုချစ်မိ
အပြစ်ရှိလား နှင်းရယ်
တကယ်ပါကွယ် မင်းလေးကို မြင်
ကိုယ်ချစ်ခင်တာ ခဏတာမဟုတ်
ဘဝစာဆိုတာ နှင်းယုံပေးနော်
တကယ်တော့ ဒီကဗျာဟာ
ကာရံမညီ စာမပီပေမဲ့
နှလုံးသားက လာတဲ့ ကဗျာလေးပါ
ဤကဗျာဟာ
ကိုယ်က ချစ်ရ ချစ်နှမကို
နေ့စဉ်တမ်းတ သတိတရဖြင့်
ရေးဖွဲ့ပါတယ် ချစ်နှမလေး
နှင်းရယ်.....


No comments:
Post a Comment