အလွမ်းမြေဆိုဒ်ကလေးမှ ရောက်လာသူမိတ်ဆွေအပေါင်း ပျော်ရွှင်ချမ်းမြေ့ပါစေ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, February 19, 2013

မင်းကွန်းဆရာတော်ဘုရားကြီး၏သြ၀ါဒ

မင်းကွန်း ဆရာတော်ဘုရားကြီး၏ သြ၀ါဒ
ဆရာတော်၏  ကျောင်းတိုက်မှ  ရဟန်းငယ်များ  ဘာသာခြားဆိုင်မှဆောက်လုပ်ရေးပစ္စည်းများ
ဝယ်ယူလာသည်ကို သိရှိရသဖြင့် "ဘာဖြစ်လို့ဒီဆိုင်က ၀ယ်လာရသလဲ"?
မေးတော်မူရာ..ဒီဆိုင်က ဈေးလည်းသက်သာ ဆက်ဆံရေးလည်း ကောင်း၍  ၀ယ်လာရခြင်းဖြစ်ကြောင်း
ဗုဒ္ဓဘာသာဆိုင်များမှာ  (ဈေးလည်းကြီး၍ ဆက်ဆံရေးလည်း ညံ့လှကြောင်း) လျှောက်ထားကြသည့်အခါ
ဆရာတော်ကြီးက  (အေး..ဗုဒ္ဓဘာသာဆိုင်က တစ်ဆယ်ယူပြီး ဘာသာခြားဆိုင်က တစ်ကျပ်ပဲ
အမြတ်ယူတယ်ဆိုရင်တောင်  ဦးဇင်းတို့  ဗုဒ္ဓဘာသာဆိုင်မှာပဲ ဈေးဝယ်ရမယ်..။ ဘာဖြစ်လို့လည်း
ဆိုရင်  အဲဒီဗုဒ္ဓဘာသာဈေးဆိုင်တွေယူလိုက်တဲ့ အမြတ်တစ်ဆယ်က  ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်
တွေဆီကိုပဲ  ပြန်ရောက်မှာ  ..။ ဘာသာခြားတွေယူလိုက်တဲ့ အမြတ်တစ်ကျပ်ကြတော့  ဦးဇင်းတို့လည်ပင်း
ကို ကြိုးကွင်းစွပ်မယ့်နေရာ  ရောက်သွားမှာ) ဟု  မိန်ကြားတော်မူသည်။  ဗုဒ္ဓဘာသာဝင်အားလုံး အထူး
သတိထား လိုက်နာကျင့်သုံးသင့်သော  လမ်းညွှန်သြ၀ါဒစကားဖြစ်ပါသည်..။

No comments:

Post a Comment