သူငယ်ချင်း...............
အကျွန်ုပ်တို့တစ်တွေဟာ စာများများဖတ်ရပါသည်။ စာဖတ်ခြင်းဟာ ဗဟုသုတ ကြွယ်ဝရုံသာမက
ကောင်းဆိုးနှစ်တန် ဝေဖန်ခွဲခြားနိုင်ပါတယ်။ စာအဆီကို စား၍ အသားကို မြိုလျှင် အလိမ္မာပိုမည်မုချ
ပေတည်း။ ကျွန်တော်တို့၏ စိတ်ဆင်ရိုင်းကို စာက ပိုင်းပေလိမ့်မည်။ စာဖတ်သူတွင် ပိုရာကိုနုတ်၍
ယုတ်ရာကိုဖြည့်မည့်သူကား စာသာလျှင်အဓိကပါ။
ဃာရာဝါသ သမ္ဗာဓ - ဟု ဥတုဖွဲ့နှောင် ၊ လူ့တို့ဘောင်ဝယ်
အိမ်ထောင်ညွတ်ကွင်း သံချိုင့်တွင်း - ဟု
ကာမဘုံတွင် သက်ဆင်းသူကို အလင်းပြ၏။ စာသည် အလိမ္မာကို ဖြစ်၍ အလိမ္မာသည်
စာမှာရှိကြောင်းက ထင်ရှားပါသည်။ စာဖတ်ခြင်းအကျိုးသည် ဘယ်လောက်ထိ ခရီးရောက်သလဲဆိုတာ
သူငယ်ချင်းသိစေချင်တယ်။ တောသားတောင်သူ မိလက္ခူ ရွှေလည်တီးတီး ရွှေထီးဆောင်းဆောင်း
ရွှေလောင်းသွယ်သွယ် ရွှေနန်းလယ်သို့ ပညာရှင် အမတ်ကြီး တစ်ဦး ရောက်ရှိခဲ့သည် ။ ထိုသူကား
"ဝန်မင်း ဖိုးရာဇာ" ပဲပေါ့ ။ အမတ်ကြီးးဖြစ်သဖြင့် ရွှေနန်းသို့ ပို့သူကား ထီးနန်း ဦးကင် ရှင်ဘုရင်
မဟုတ်ချေ စာပေသာတည်း။ ကျီ စောင့်သမားဘဝမှာ ကမ္ဘာကျော် ပညာရှိ အမတ်ကြီးဖြစ်ရသော
တရုပ်ပြည်မှ ကွန်ဖြူးရှပ်၏ ကျေးဇူးရှင်မှာ စာပေပင်ဖြစ်လေသည်။ အစေခံဘဝမှ သမ္မတဖြစ်လာသော
ဂျေအေဂါဖီး၊ ကျွန်ဘဝမှ ပညာရှိဖြစ်ရသော ဒေါက်တာ အော်ရီဆင်ဆွတ်မာဒင် ၊
သတင်းစာရောင်းသမားဘဝမှ ကမ္ဘာကျော်ပညာရှင်ဖြစ်လာသော ဘင်ဂျမင်ဖရင်ကရင်၊
နှစ်ပေါင်းတစ်ရာကျော် သူ့ကျွန်ဘဝသို့ ရောက်ရှိခဲ့သော မြန်မာနိုင်ငံတော်ကြီးကို လွတ်လပ်ရေးရယူ
ပေးခဲ့သူ (သို့မဟုတ်) စတုတ္ထမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ပေးခဲ့သူ
လွတ်လပ်ရေးဗိသုကာဆရာကြီး ဗိုလ်ချုပ်အောင်ဆန်း အစရှိသော ပုဂ္ဂိုလ်တို့သည် စာဖတ်ခြင်းမှရရှိသော
အကျိုးရလာဘ်ပေတည်း။ သူတို့ဘဝများကား မြေကြီးမှ ရွှေထီးသို့ ပြောင်းခဲ့ကြကုန်သည်။
ဘဝပြောင်းသော ဆေးကား အခြားမဟုတ် စာဖတ်ခြင်းပေတည်း။ အကျဉ်းချုံး၍ ဆိုရသော်
စာပေဟူသည် စိတ်လိုရာရစေသည်။
မနောမယ ပတ္တမြားပေတည်း ၊ စိတ်ကကြံလျှင် ဧကန်ရသော စိန္တာမဏိမန္တာန်ဖြစ်ပါတော့သည်။


No comments:
Post a Comment